본문으로 서브메뉴로
2025
လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း

သင်၏ဖြေကြားချက်များသည် ကိုရီးယားသမ္မတနိုင်ငံအတွက် တန်ဖိုးရှိသော အချက်အလက်များဖြစ်ပါသည်။

1. လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအကြောင်း

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုသည်မှာ

  • ကိုရီးယားနိုင်ငံတွင် နေထိုင်သူများနှင့် ၎င်းတို့၏ နေအိမ် အကျယ်အဝန်းနှင့် ထူးခြားချက်များအား သုံးသပ်သိရှိနိုင်စေရန် နိုင်ငံတော်အဆင့် အခြေခံစာရင်းအင်းဆိုင်ရာ သန်းခေါင်စာရင်းတစ်ခုဖြစ်ကာ၊ ကိုရီးယား စာရင်းအင်းဦးစီးဌာန(statistics Korea)မှ 5နှစ် တစ်ကြိမ် '0' နှင့် '5' ဂဏန်းများနှင့် အဆုံးသတ်သော ခုနှစ်များတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ကောက်ယူလျက်ရှိပါသည်။
  • UN(United Nation)အရ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် သတ်မှတ်ကာလ တစ်ခုတွင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် သတ်မှတ်နယ်မြေဒေသ အတွင်းရှိ လူများ၊ အိမ်ထောင်စုများ၊ နေအိမ်များနှင့် သက်ဆိုင်သော လူဦးရေ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်ဆိုင်ရာ အချက်အလက်များအား ကောက်ယူခြင်း၊ အကဲဖြတ်ခြင်း၊ စိစစ်ခြင်းနှင့် တင်ပြခြင်း အဆင့်အားလုံးကို ဆိုလိုသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
  • ကိုရီးယားသမ္မတနိုင်ငံတွင် 3လနှင့်အထက် နေထိုင်ခဲ့သည်ဖြစ်စေ၊ နေထိုင်မည်ဟု ရည်မှန်းထားသော နိုင်ငံခြားသားများသည်လည်း သန်းခေါင်စာရင်းတွင် ပါဝင်ဖြေဆိုရမည့် တာဝန်ရှိပါသည်။
  • ဖြေဆိုခဲ့သည့် အချက်အလက်များအား စာရင်းအင်းဥပဒေအရ လုံခြုံစွာ ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ စာရင်းအင်းပြုစုရန် ရည်ရွယ်ချက်မှလွဲ၍ အခြားနေရာများတွင် အသုံးပြုမည် မဟုတ်ပါ။
သန်းခေါင်စာရင်းရလဒ်များ အသုံးပြုခြင်း

  • နိုင်ငံတော် အဓိကမူဝါဒများအတွက် အခြေခံ အချက်အလက်များအဖြစ် အသုံးပြုရန်၊
  • သန်းခေါင်စာရင်းနမူနာပုံစံကွဲများအတွက် လူအုပ်စုခွဲများနှင့် နမူနာပုံစံများ ရေးဆွဲရန်၊
  • အပြီးသတ်ကောက်ခံရရှိသည့် သန်းခေါင်စာရင်း အချက်အလက်များအား အခြေခံကာ ဒုတိယအဆင့် စာရင်းအင်းညွှန်းကိန်းများ တွက်ချက်ဖော်ဆောင်ရန်၊
  • တက္ကသိုလ်၊ သုတေသနဌာနများအတွက် သုတေသနပြုစုခြင်းနှင့် ပုဂ္ဂလိက လုပ်ငန်းများ စီမံအုပ်ချုပ်ရေးတွင် အချက်အလက်များအဖြစ် အသုံးပြုရန်၊

2. 2025 လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း

  • သန်းခေါင်စာရင်းကောက်ခံခြင်း ရည်ရွယ်ချက်။ ။ကိုရီးယားနိုင်ငံတွင်းရှိ လူဦးရေ၊ အိမ်ထောင်စု၊ နေအိမ် စုစုပေါင်းအရေအတွက်အား သိရှိရန်အပြင် ဖွဲ့စည်းမှုပုံစံ၊ ကွဲပြားမှုနှင့် ထူးခြားချက်များကိုပါ သုံးသပ်ကာ၊ ရလဒ်များအား အစိုးရမူဝါဒ ချမှတ်ရေးဆွဲခြင်းနှင့် အကဲဖြတ်ခြင်း၊ ပညာရပ်ဆိုင်ရာ သုတေသနပြုစုခြင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေးတွင် အရေးပါပြီး အခြေခံကျသော အချက်အလက်များအဖြစ် အသုံးပြုသွားမည် ဖြစ်ပါသည်။
  • သန်းခေါင်စာရင်းကောက်ခံမည့် ကာလ: 2025.10.22. - 2025.11.18.
    *သန်းခေါင်စာရင်းတွင် ပါဝင်ဖြေဆိုလျှင် မဲနှိုက်စနစ်ဖြင့် 'ကိုရီးယားနိုင်ငံ သန်းခေါင်စာရင်းကောက်ယူမှု နှစ် 100 ပြည့်' အထိမ်းအမှတ် ဒင်္ဂါးပြား(ဝမ် 5သောင်းတန်ဖိုးရှိ) သို့မဟုတ် မိုဘိုင်းဈေးဝယ်လက်မှတ်(ဝမ် 3သာင်းတန်ဖိုးရှိ)များအား မဲနှိုက်ပေးသွားမည် ဖြစ်ပါသည်။(ပေါက်မဲ ကုန်သည့်အချိန်အထိ)
    လက်ဆောင်ပေါက်မဲ စစ်ဆေးရန်
  • သန်းခေါင်စာရင်း ဖြေဆိုခွင့် ရှိသူများ။ ။သန်းခေါင်စာရင်းကောက်ခံစဉ် ယခုလက်ရှိအချိန်၊ ကိုရီးယားနိုင်ငံ နယ်နိမိတ်တွင်း 20%ဆိုင်ရာ နမူနာသန်းခေါင်စာရင်းအတွက် သတ်မှတ်နယ်မြေဒေသအတွင်းတွင် နေထိုင်လျက်ရှိသော ကိုရီးယားနိုင်ငံသားများ၊ နိုင်ငံခြားသားများနှင့် ၎င်းတို့ နေထိုင်လျက် ရှိသော နေအိမ်များ
အင်တာနက်(PC၊ မိုဘိုင်း)ဖြင့် ကောက်ခံသည့် သန်းခေါင်စာရင်း
ဖုန်းဖြင့် ကောက်ခံသည့် သန်းခေါင်စာရင်း
080-2025-2025(မနက် 8နာရီ~ည 9နာရီ၊ စနေ၊ တနင်္ဂနွေ အပါအဝင်)
လူကိုယ်တိုင် လာကောက်သည့် သန်းခေါင်စာရင်း(Tablet PC)
သန်းခေါင်စာရင်းကောက်ယူသူမှ အိမ်သို့ လာရောက်ကာ Tablet PCဖြင့် သန်းခေါင်စာရင်းကောက်ခြင်း။
(※ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းကောက်ယူသူမှ စာရင်းကောက်ယူသူသက်သေခံကတ်ပြားအား ချိတ်ဆွဲကာ Tablet PC ဖြင့် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်သည့်အတွက်၊ မဖြေဆိုမီတွင် သန်းခေါင်စာရင်းကောက်ယူသူ မှန်မမှန်အား စစ်ဆေးပါ။)

3. စာရင်းအင်းဥပဒေ

စာရင်းအင်းဥပဒေ ပုဒ်မ 32(ဖြေဆိုသူများတွင် မှန်ကန်စွာဖြေဆိုရမည့် တာဝန်ရှိသည်။)

  • သန်းခေါင်စာရင်း ဖြေဆိုသူသည် စာရင်းအင်း ဖြည့်စွက်ခြင်းဆိုင်ရာ တာဝန်ရှိ ရုံးဝန်ထမ်းမှ စာရင်းအင်း ဖြည့်စွက်ရန် ရည်ရွယ်ချက်ဖြင့် မေးခွန်းများ မေးမြန်းခြင်း သို့မဟုတ် အချက်အလက်များ တင်ပြရန် စသည်တို့အား တောင်းဆိုသည့်အခါ တိကျမှန်ကန်သော စာရင်းအင်း တစ်ခု ဖြစ်ပေါ်လာစေရန် သန်းခေါင်စာရင်းပါ အချက်များအား ရိုးသားမှန်ကန်စွာ ဖြေဆိုရမည် ဖြစ်ပါသည်။
စာရင်းအင်းဥပဒေ ပုဒ်မ 33(လျှို့ဝှက်ချက်အား ကာကွယ်ပေးခြင်း)

  • စာရင်းအင်း ဖြည့်စွက်စဉ် သိရှိရသည့် အချက်များအနေနှင့် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်း စသည်တို့၏ လျှို့ဝှက်ချက်များ ပါဝင်နေသော အချက်များအား အကာအကွယ်ပေးရပါမည်။
  • စာရင်းအင်း ဖြည့်စွက်ရန် ကောက်ခံရရှိထားသည့် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်း စသည်တို့၏ လျှို့ဝှက်ချက်များ ပါဝင်နေသော အချက်အလက်များအား စာရင်းအင်း ဖြည့်စွက်ရန် ရည်ရွယ်ချက်မှအပ အခြားနေရာများတွင် အသုံးမပြုရပါ။
စာရင်းအင်းဥပဒေ ပုဒ်မ 34(စာရင်းအင်းကောက်ယူသူတို့၏ တာဝန်ဝတ္တရား)

  • စာရင်းကောက်ယူသူ၊ စာရင်းကောက်ဖူးသူ သို့မဟုတ် စာရင်းအင်းဖြည့်စွက်မှုဌာနအနေနှင့် စာရင်းအင်းဖြည့်စွက်ရမည့် တာဝန်ရပ် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသအား တာဝန်ယူကာ ၎င်း လုပ်ငန်းတာဝန်အား ထမ်းဆောင်ခြင်း သို့မဟုတ် ဆောင်ရွက်ရသော သူသည် တာဝန်အရ သိရသော အချက်များအား လုပ်ငန်းတာဝန်နှင့် မဆိုင်သော ရည်ရွယ်ချက်ဖြင့် အသုံးချခြင်းဖြစ်စေ အခြားသူထံ လွှဲပြောင်းပေးခြင်းများ မပြုလုပ်ရပါ။

4. ဌာန မိတ်ဆက်ခြင်းနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ပါဝင်ရန် တိုက်တွန်းခြင်း

ကိုရီးယား စာရင်းအင်းဦးစီးဌာန(Statistics Korea) သည် အစိုးရ ဗဟိုစာရင်းအင်းဌာနဖြစ်ပြီး၊ နိုင်ငံတော်စာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ယုံကြည်စိတ်ချရသော စာရင်းအင်းများ ဖော်ဆောင်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍ အသီးသီးတွင် အကျိုးပြုသော စာရင်းအင်းအချက်အလက်များကို ရယူနိုင်စေရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ခေတ်မှီ နည်းလမ်းများဖြင့် လူဦးရေသန်းခေါင်စာရင်းကောက်ခံခဲ့သည်မှာ 1925ခုနှစ်မှ စတင်ကာ 2025ခုနှစ်တွင် နှစ် 100ပြည့်သွားပြီးဖြစ်သော ကိုရီးယားသမ္မတနိုင်ငံ ကိုယ်စားပြု သန်းခေါင်စာရင်းဖြစ်ပါသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် ကိုရီးယားနိုင်ငံသားများပါမက နိုင်ငံခြားသားများပါ ပါဝင်ဖြေဆိုရသော သန်းခေါင်စာရင်းဖြစ်ပြီး၊ အခွန်ကောက်ခြင်း၊ တရားမဝင်နေထိုင်မှုတို့အား အကဲခတ်ခြင်း၊ တရားရင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ စသည်တို့နှင့် လုံးဝ သက်ဆိုင်မှု မရှိပါ။
နိုင်ငံခြားသားများအတွက် မူဝါဒများ ချမှတ်ရေးဆွဲခြင်းတွင် အခြေခံကျသော အချက်အလက်များအဖြစ် အသုံးပြုရန်အတွက်သာ ဖြစ်ပြီး၊ မိမိသည် သန်းခေါင်စာရင်းဖြေဆိုခွင့် ရှိသူအဖြစ် ရွေးချယ်ခံရပါက မိမိနှင့် မိသားစုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အား ဖန်တီးနိုင်ရန် စိတ်အားထက်သန်စွာ ပါဝင်ဖြေဆိုပေးပါရန် မေတ္တာရပ်ခံပါသည်။